Blogger
Always
On Blogger since: October 2007
Profile views: 1,398

My blogs

About me

GenderMale
Introductionမြန်မာပြည် စစ်အဏာရှင်လက်အောက်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေးတွင် ကျောင်းသားတယောက်ရဲ့ တာဝန်အရ ၁၉၈၈ ခုနှစ်တွင် အမျိုးသားလွတ်မြောက်ရေးအတွက် ပါတီနိုင်ငံရေ၊ လူမျိုးရေး ကင်းရှင်းပြီး လုပ်ဆောင်လာခဲ့ပါသည်။ တောင်ဥက္ကလာရှိ မိမိတို့ ကျောင်းသား အဖွဲ့အစည်းဖြစ်သည့် နဂါးနီအဖွဲ့အနေဖြင့် ၁၄၁ အဖွဲ့ဝင်များနှင့်ပူးပေါင်းကာ အဖွဲ့၏တာဝန်ပေးချက်အရ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် မိမိအပါအ၀င် နဂါးနီအဖွဲ့၏ ဗဟိုအလုပ်အမှုဆောင် ကော်မီတီအဖွဲ့ဝင် တော်လှန်ကျောင်းသား (၁၃) ဦးနှင့်အတူ ပြည်ပသို့ ထွက်ခွါလာခဲ့ပါသည်။ ကျနော်တို့အားလုံးသည် ရန်ကုန်မှတဆင့် ကုန်းကြောင်း၊ ရေကြောင်းခရီးဖြင့် တနင်္သာရီတိုင်းရှိ မော်လမြိုင်၊ ကျိုက္ခမီ၊ ရေး၊ ထားဝယ်၊ မြိတ်၊ မြိတ်အနောက်မြို့နယ် ကြပ်ချောင်းကျေးရွာတို့ကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံ ရနောင်းမြို့၊ ထိုမှတဆင့် မြန်မာပြည်တောင်ဖက်အစွန်းဆုံး ကော့သောင်းမြို့သို့ ၁၆.၀၉.၁၉၈၈ တွင် ကျနော်တို့အားလုံး (၁၀၇) ဦး ရောက်ရှိခဲ့ပါသည်။ ထိုအကြောင်းအရာများကို တနင်္သာရီတိုင်းတလျှောက်မှ ပြည်သူများ အမှတ်ရမည်ထင် ပါသည်။
Google apps
Main menu