ဥယျာဉ်မှူးလေး

My blogs

Blogs I follow

About me

Location kandy, Sri Lanka
Introduction မင်္ဂလာပါ စာချစ်သူ.......။ စာရေးသူဟာ သာမာန်ရဟန်းတော်တစ်ပါးပဲဖြစ်ပါတယ်။ စာရေးခြင်းကို ၀ါသနာပါတာကြောင့်ရော၊ မြတ်ဗုဒ္ဓရဲ့ တရားတော်များကို စာချစ်သူတို့ကို ရင်းနှီးစေချင်တာကြောင့်ပါ ဓမ္မစာပေများကို စာရေးသူ တတ်စွမ်းသလောက် စာပေများရေးသားခြင်းဖြင့် ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး အသိပညာ၊ ဗဟုသုတများကို သိစေချင်တာကြောင့် ဒီဆိုက်လေးကို ဖန်တီးမိခဲ့တာပါပဲ။ ဥယျာဉ်မှုးလေးလို့ အမည်ပေးရခြင်းအကြောင်းကတော့ ဗုဒ္ဓရဲ့ ချိုမြိန်ဖွယ် ဓမ္မအသီးအပွင့်လေးတွေ ပန်းပင်လေးတွေကို စာချစ်သူတို့အတွက် စာပေရေးသားခြင်းဖြင့် ပြုစုပျိုးထောင် မျှဝေပေးနေမယ့် သူတစ်ယောက်အဖြစ်ခံယူပြီး ဥယျာဉ်မှူးလေး လို့ အမည်ပေးထားတာပါ။ စာပေအရေးအသားကတော့ ၀ါသနာအဆင့်မျှသာ ရှိပါတယ် စာချစ်သူ။ စာရေးသူရဲ့ အဓိကဆန္ဒလေးကတော့ ဓမ္မစာစုလေးတွေသက်သက်ကိုပဲ စာချစ်သူကိုရိုးရိုးရှင်းရှင်းလေး ဖတ်စေချင်တာပါ။ စာရေးသူနေရာလေးကနေ ဗုဒ္ဓရဲ့ အဆုံးအမ မှတ်သားစရာလေးများကို ရရှိပြီး ဖတ်ရှု့နေစဉ်မှာပင် စာချစ်သူ၏ စိတ်သန္တာန်မှာ တဒင်္ဂကုသိုလ်စိတ်ကလေး ဖြစ်နေမယ်ဆိုရင်ပဲ စာရေးသူ အတိုင်းမသိ ၀မ်းသာ ကျေနပ်မိမှာပါ။ စာချစ်သူရဲ့ အမြင်လေးတွေကိုလည်း ပွင့်လင်းစွာနဲ့အကြံပေးစကား ပြောကြားနိုင်ပါတယ်။ (ဥယျာဉ်မှုးလေး) စာရေးသူကို ဆက်သွယ်ချင်ရင်ပါ။ alwaysfriend99@gmail.com (6/21/2010)