BURMA ACTION FOR THE JUSTICE AND FREEDOM

My blogs

About me

Location Rangoon, Rangoon Division, Myanmar (Burma)
Introduction ၂၀၀၇ ခုနှစ် မြန်မာစစ်အာဏာရှင်တွေက စစ်တပ်အပါအ၀င် နောက်လိုက်ရမ်းကားသူ တစုနဲ့ မြို့လယ်ခေါင်မှာ ရက်ရက်စက်စက် ရိုက် နှက်၊ သတ်ဖြတ်၊ ဖမ်းဆီးတာတွေ လုပ်ပြီး အစော်ကားကြီး စော်ကားခဲ့ကြတယ်။ နောက် ထပ် ဗမာနိုင်ငံမှာ ဒီစစ်ဗိုလ်ချုပ်လက်ဝါးကြီးအုပ် စနစ်နဲ့ ဆက်သွားနေသမျှကာလ ပတ်လုံး ငါတို့အားလုံးရဲ့ဘ၀တွေဟာ သက်ဦးဆံပိုင်ခေတ် လို လုံခြုံစိတ်ချရမှု ဘယ်နည်းနဲ့မှ မရှိနှိုင်ဘူးလို့ ငါတို့ယုံကြည်တယ်။ ဒီယုံကြည်ချက်အတိုင်း စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးလှုပ်ရှားမှုတွေ ကို အောင်မြင်မှုရသည်အထိ အတွင်းအပြင် ပံ့ပိုးဆောင်ရွက်သွားရေးအတွက် ပြောင်းလည်းမှု လိုလားတဲ့ တက်ကြွတဲ့လူငယ်ထုအခြေခံအဖွဲ့ အစည်းအဖြစ် ၂၀၀၈ ခုနှစ် သြဂုတ်လမှာ ဖွဲ့စည်းခဲ့တယ်။ ငြိမ်းချမ်းရေးကို တိုက်ယူမှရမယ် လို့ ယုံကြည်တယ်။ လူတိုင်း ပါဝင်ခွင့်ရအောင် အတွေးအခေါ်နဲ့ လက်တွေ့ပေါင်းစပ်ပြီး လူထု အောင်ပွဲရယူနှိုင်မယ်လို့ အလေးအနက်ယုံကြည် တယ်။ စစ်အာဏာရှင်စနစ်ရှိနေသ၍ တိုင်းရင်း သား အချင်းချင်း အပြန်အလှန်နားလည်ဖေးမမှုနဲ့ ပြန်လည် တည်ဆောက်ရမယ့် ငြိမ်းချမ်းရေးမရှိ နှိုင်။ ဗမာနိုင်ငံသား တို့ရဲ့ အမှန်တရားအတွက် သတ္တိရှိရှိ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဟာ အနာဂတ်အတွက် မျိုးစေ့ကောင်းချန်ရစ်ဘို့ တတပ်တအားဖြစ်စေပါလိမ့်မယ်။