ashinthaw
My blogs
| Introduction | အမျိုးသမီးများ နှစ်သက်စွဲမက်တဲ့ ရှင်မတောင်သနပ်ခါးများ ထွက်ရှိရာ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်တိုင်ရွာလေးမှာ မီးရှူးသန့်စင် ဖွားမြင်ခဲ့တယ်။ ဦးရီးတော် ယခု စွန်းလွန်း တိပိဋကဓရ ဆရာတော်က စွန်းလွန်းရိပ်သာမှတစ်ဆင့် ရွာမပရိယတ္တိစာသင်တိုက်သို့ ပညာရည်နို့သောက်စို့ဖို့ ပို့ဆောင်ခဲ့တယ်။ ရန်ကုန် ကမ္ဘာအေး တိပိဋက မဟာဂန္ဓာရုံ ကျောင်းတိုက်နဲ့ မန္တလေး မစိုးရိမ် တိုက်သစ် တိုက်ဟောင်းတို့မှာ ပညာသင်ကြားခဲ့တယ်။ အင်းစိန် ရွာမပရိယတ္တိ စာသင်တိုက်မှာ နာယကအဖွဲ့တွင် ပါဝင်လျှက် ၁၀-နှစ်ခန့် စာပေပို့ချ ပေးခဲ့ရင်း ဆရာသမားများထံ စာပေနည်းနာ ခံယူခဲ့တယ်။ စွန်းလွန်းရိပ်သာကြီး၏ နာယကအဖွဲ့ဝင် အဖြစ်ဖြင့်လည်း တရားဓမ္မများ ဟောကြားခဲ့ရတယ်။ သမိုင်းမှတ်တိုင်များ... သာသနဓဇဓမ္မာစရိယ, သာမဏေကျော်, ၀ိနယ၀ိဒူ, အင်္ဂုတ္တရနိကာယ၀ိဒူ, မဇ္ဈိမနိကာယ၀ိဒူ, M.A (သီရိလင်္ကာ) ဘွဲ့တွေရခဲ့တယ်။ |
|---|
