Blogger
Myo Chit Thwe
On Blogger since: September 2007
Profile views: 758

My blogs

About me

Locationရန်ကုန်, တစ်နေရာရာ, American Samoa
Introduction'မျိုးချစ်သွေး' ဆိုတာ ရဟန်းတစ်ပါးရဲ့ဘွဲ့အမည်ပါ။ 'မေတ္တာဝံသ' ဆိုတဲ့ပါဠိအမည်ကို လိုရာဆွဲပြီး ဆီလျော်အောင် ဘာသာပြန်လိုက်ရင် 'မျိုးချစ်သွေး' ရယ်လို့ မြန်မာအမည်ရပါတယ်။ 'မေတ္တာ' ဆိုတာ ချစ်တာကိုပြောတာ။ '၀ံသ' ဆိုတာ အမျိုး၊ အမျိုးဆိုတာ သွေးနဲ့ဖွဲ့စည်းထားတာပဲလေ။ ဒီလိုနဲ့ 'မျိုးချစ်သွေး' ဆိုပြီး မြန်မာမှု ဘွဲ့အမည် ဖြစ်လာတယ်ဆိုပါတော့။ ဦးဇင်းဘ၀ကတော့ ကာရံမိပြီး ကဗျာဆန်တယ်လို့ ပြောရမလား၊ စည်းချက်မမှန် ပရမ်းပတာဆန် တယ်လို့ပြောရမလား။ ဦးဇင်းက မြို့ကြီးတစ်မြို့မှာ မွေးတယ်။ ရွာလေးတစ်ရွာမှာ ကြီးပြင်းတယ်။ ကြီးပြင်းခဲ့တဲ့ ရွာမှာ မူလတန်းနဲ့ အလယ်တန်း ပညာကို သင်ယူခဲ့တယ်။ မွေးဖွားခဲ့တဲ့မြို့မှာ အလယ်တန်းနဲ့ အထက်တန်းပညာကို သင်ယူခဲ့တယ်။ မြန်မာပြည်မှာ ဘွဲ့တွင်းအဆင့်ပညာကို သင်ယူခဲ့တယ်။ အခုတော့ သူများနိုင်ငံမှာ ဘွဲ့လွန်အဆင့် ပညာကို သင်ယူနေတယ်။ အသက်က လူဝတ်သက် ၁၂ နှစ်၊ သင်္ကန်းဝတ်သက် ၁၂ နှစ်၊ စုစုပေါင်း ၂၄ နှစ်။ ဦးဇင်းရဲ့ဘ၀အမြင်ကတော့ ပညာတတ်လေ ကိုယ့်ကိုယ်ကို နှိမ့်ချလေ၊ ကိုယ့်ကိုယ်ကို နှိမ့်ချလေ၊ စိတ်ဓာတ် မြင့်မြတ်လေ။ ဒီဘလော့(ဂ်) ထဲမှာ ပရဟိတအတွက် ပုဂ္ဂလိက ခံစားချက် တွေပါသလို ပုဂ္ဂလိကအတွက် အတ္တခံစားချက်တွေလည်းပါတယ်။ ဦးဇင်းရဲ့ စိတ်နေသဘောထားက တခါတရံ တည်ကြည်လေးနက်တယ်၊ တခါတရံ ပြောင်တတ်ပြက်တတ်တယ်။ ဒါပေမယ့် အမျိုး၊ဘာသာ၊သာသနာကိုတော့ သွေးနဲ့ရင်းပြီး ချစ်မြတ်နိုးတယ်။ ဒါကတော့ မျိုးချစ်သွေးရဲ့ ဘ၀အချုပ်နဲ့ ဆန္ဒသရုပ်ပဲဖြစ်တယ်။
Google apps
Main menu