dekglay

My blogs

About me

Gender Male
Location Yangon, Yangon
Introduction ဘာ့ကြောင့် ကျွန်တော့ဒီဘလော့ဂ်လေးကို “ဒီကောင်လေး”လို့ အမည်ပေးရလည်း ဆိုတော့ ငယ်ငယ်တုန်းက ဦးလေးတွေ၊ အဒေါ်တွေက ကျွန်တော့ ကိုပြောလေ့ရှိတဲ့ စကားလေးတစ်ခွန်းကို အမှတ်ရမိတာကြောင့် ဒီကောင်လေးလို့ အမည်ပေးလိုက်တာပါ... ဦးလေးတွေ၊ အဒေါ်တွေက ကျွန်တော့ကို ပြောလေ့ရှိတယ် “ဒီကောင်လေးက ငယ်ငယ်ကတည်းက စကားတတ်တိုင်း စကားပြောရင် ဘုကလန့်နဲ့... ကြီးလာရင်တော့ မလွယ်ဘူး” ဆိုပြီး ခဏခဏပြောတတ်လွန်းလို့ အဲဒီစကားလေးကို အမှတ်ရပြီး ကိုယ့်ကိုယ်ကို “ဒီကောင်လေး” ရယ်လို့ ခေါ်တွင်ပါကြောင်း.......
Favorite Movies ရုပ်ရှင်တွေထဲမှာ အချစ်နဲ့ စစ်ကလွဲလို့ အားလုံးနီးပါးကိုကြိုက်နှစ်သက်ပါတယ်။
Favorite Music သီချင်းဆိုရင်တော့ အားလုံးနီးပါးကိုကြိုက်ပါတယ်။ ဒီကောင်လေးဘ၀မှာ မင်းမရှိရင် သီချင်းရှိမှ ဖြစ်မှာလို့ ပြောရလောက်အောင်ကို သီချင်းတွေကို ကြိုက်နှစ်သက်ပါတယ်... ခံစားချက်ရှိတဲ့အချိန် ခံစားချက်နဲ့ကိုက်ညီရင် ဘယ်သီချင်းမဆို နားထောင်လို့ သီဆိုလို့ကောင်းတာတော့အမှန်ပါပဲဗျာ..
Favorite Books ဒီကောင်လေးကတော့ စာအုပ်တွေဖတ်ရင် စုံထောက်ဝတ္ထုတွေနဲ့ တောတွင်းအက်ရှင်စာအုပ်တွေကိုပိုကြိုက်တယ်ဗျ ပြီးတော့စာရေးဆရာ ကျော်မင်းခေါင်ရဲ့ သံဂျိုင်းထောက်ဇော်ဝေ ၀တ္ထုတွေကိုလည်းကြိုက်တယ်။ အဲဒါတွေကလည်း ခေတ်လွန်မလို့ မဖြစ်နိုင်ဘူးလို့မပြောနိုင်ဘူးလေ။ မဖြစ်သေးတာပဲရှိတာပါ။ မဂဇင်း၊ ဂျာနယ်ဆိုရင်တော့ သုတစွယ်စုံရယ် ကျန်းမာရေးမဂဇင်းနဲ့ စာစောင်တွေကိုကြိုက်တယ်။ ပြီးတော့ မြန်မာတိုင်းမ်ဂျာနယ်ကိုလည်းကြိုက်သေးတယ်ဗျ