ဒေါက်တာလွဏ်းဆွေ
My blogs
| Introduction | ၁၉၇၀၊ ဇန်န၀ါရီလ(၄)ရက် (လွတ်လပ်ရေးနေ့) တွင် မွေးဖွား။ ၁၉၉၅ တွင် ဆေးတက္ကသိုလ်(၂)၊ ရန်ကုန်မှ M.B.,B.S ဘွဲ့ ရရှိ။ ၁၉၉၅-၉၆ တွင် မြောက်ဥက္ကလာပ အထွေထွေရောဂါကုဆေးရုံကြီး၌ အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်။ ၁၉၉၆-စက်တင်ဘာလမှ ၁၉၉၇-ဖေဖော်ဝါရီလအထိ ကိုယ်ပိုင်ဆေးခန်း ဖွင့်လှစ်။ ၁၉၉၆-နိုဝင်ဘာလမှ ၂၀၀၅-ဇွန်လအထိ မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းတွင် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်။ ၂၀၀၁-၀၂ တွင် ‘သံသရာတကွေ့ဝယ်’နှင့် ‘စမ်းရေ’ အမည်ရှိ မြန်မာသံတေးစီးရီးနှစ်ခု သီဆိုထုတ်ဝေ။ ၂၀၀၅-ဇူလိုင်(၁)ရက်တွင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိ။ ယခုအခါ မြန်မာနိုင်ငံဆေးပညာရှင်များအသင်း (လွတ်မြောက်နယ်မြေ)တွင် အလုပ်အမှုဆောင်ကော်မတီဝင်၊ နိုက်တင်ဂေးလ်ကျန်းမာရေးဂျာနယ် www.maetaoclinic.org တွင် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်ရင်း ဒေါက်တာလွဏ်းဆွေ၊ ၀င့်ထည်၊ မီဒီယာမောင်၊ ကိုလတ်၊ အညာမြေ-ဆြာဆွေ၊ ဂျင်ဂလိ၊ အာဖျံကွီး၊ မြားကြီး၊ ကြပ်ပြေး-နတ်ကလေး၊ အဟိ၊ မောင်ဖိုတို ကလောင်အမည်များဖြင့် မြန်မာ့ဒီမိုကရေစီတိုက်ပွဲအတွက် အထောက်အကူဖြစ်စေမည့် စာပေများ၊ အသံလွှင့်ဆောင်းပါးများ ရေးသားလျက်ရှိ။ (၁၈-၉-၂၀၀၇)နေ့တွင် ဘလော့ဂ်တင်ဆက်မှုကို စတင်။ |
|---|
