အောင်ကြီး

My blogs

About me

Favorite Books ဘောလုံးသမားမပါဘဲ နည်းပြများဖြင့်သာ ကစားမည့် ကမ္ဘာ့ပထမဆုံး ဘောလုံးကလပ် ပေါ်ထွက်လာ စက်တင်ဘာ ၁၉-၂၅ ရက်ထုတ် The Voice Weekly ဂျာနယ်ပါ သတင်းတစ်ခုအရ MNL ပြိုင်ပွဲဝင် ရခိုင်ပြည်နယ် ကိုယ်စားပြု ရက္ခပူရ ဘောလုံးကလပ်တွင် ဘောလုံးသမားများကို အသုံးမပြုဘဲ နည်းပြများဖြင့်သာ ဘောလုံး ဆက်လက်ကစားမည်ဟု ရေးသားဖော်ပြထားသည်။ အဆိုပါသတင်းအရ ရခိုင်ကလပ်(ရက္ခပူရ) နည်းပြ မင်ကော့စကီးသည် ရက္ခပူရတွင် ရက်အတန်ကြာ ပူပန်နေခဲ့ရသည့်အတွက် နေပြည်တော်လွှတ်တော်ကလပ်တွင် အငှားဖြင့် သွားရောက်ကစားနေကြောင်း၊ မင်ကော့မရှိတော့သည့်အတွက် ရက္ခပူရအသင်းအနေဖြင့် ပွဲကျန်များကို လက်ကျန်နည်းပြများဖြင့်သာ ဆက်လက်ကစားသွားရမည်ဟုဆိုလေရာ ရက္ခပူရဘောလုံးအသင်းမှာ နည်းပြများဖြင့်သာ ဘောလုံးကစားမည့် ကမ္ဘာ့ပထမဆုံး ဘောလုံးကလပ်အသင်းတစ်ခုဖြစ်လာဖွယ်ရှိနေပေသည်။